Samstag, 7. Mai 2016

ဗုဒ္ဓဘုရားရှင်၏ မွေးနေ့ပွဲ ကျင်းပမည်


ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ …. ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။
ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၂ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
လှူဒါန်းနိုင်သည့်အရာများ ...............
အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

ကျင်းပမည့်နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။

Dienstag, 3. Mai 2016

သတင်းကောင်းပါးခြင်း (သဘာဝရိပ်သာဆရာတော်၏ တရားစခန်း)



ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တရားဓမ္မအားထုတ်ရန် စေတနာသဒ္ဓါထက်သန်ကြကုန်သော ပါရမီရှင်အပေါင်းတို့အား နှိုးဆော်အပ်ပါသည်။

လာမည့် ဇွန်လ ၄ - ရက်နေ့တွင် မြန်မာနိုင်ငံ၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာဆရာတော် ဘဒ္ဒန္တဥတ္တမသာရ အရှင်မြတ်သည် နောက်ပါ သံဃာတစ်ပါး၊ ဆရာလေး ၃ ပါးတို့နှင့်အတူ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းသို့ ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။

ဆရာတော်ဘုရား ကြွရောက်လာသည့်အခိုက် တရားဓမ္မအားထုတ်လိုသူပါရမီရှင်တို့အတွက် ဘာဝနာကုသိုလ်များ တိုးပွားပြီး သံသရာရိက္ခာထုပ်များ ထုပ်ပိုးနိုင်စေရန် ရည်ရွယ်၍
ဓမ္မဒူတမြန်မာကျောင်း ဆရာ/ဒကာ ညီညာစွာ စုပေါင်း၍
၂ - ရက်တာ တရာစခန်း စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

ခရီးစဉ်အကျဉ်း
…………………..
၎ ရက်နေ့ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ရောက်ပြီး ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးပြီး ၈ - ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ဆက်လက်ကြွရောက်မည်။

တရားစခန်းအစီအစဉ်အကျဉ်း
……………………..
၂ ရက်တာ တရားစခန်းအစီအစဉ်ကို
ဇွန်လ ၅ - ရက်နေ့နှင့် ၆ - ရက်နေ့များ၏ …
နေ့လယ် ၁ နာရီအချိန်မှ စတင်ပြီး သဘာဝရိပ်သာဆရာတော်ဘုရား၏ အစီအစဉ်အတိုင်း တရားဓမ္မနာယူခြင်း၊ စုပေါင်းတရားအားထုတ်ခြင်းများ ပြုလုပ်သွားကြမည်။

လှူဒါန်းနိုင်သည့်အရာများ
……………………………..
သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အား
-       အရုဏ်ဆွမ်းအလှူ (၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-       နေ့ဆွမ်းအလှူ (၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များ)
-       ၅ ရက်နေ့နှင့် ၆ ရက်နေ့ တရားစခန်း ယောဂီများအတွက် အအေးအဖျော်အလှူ
-       တရားစခန်း ခန်းမအလှူ
-       ဆရာတော်များနှင့်ဆရာလေးများ အသွားအပြန် ယာဉ်အလှူ
-       စသော မိမိတို့သဒ္ဓါပေါက်ရာ အလှူဒါနများကို ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။

- ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တာ တရားစခန်းကို
အောက်ပါ ခန်းမတွင် ကျင်းပသွားပါမည်။

Saalbau Clubraum 1,Arnsburger Str 24, 60385, Frankfurt am Main
U4 စီးပြီး Höhenstr မှတ်တိုင်တွင်ဆင်းပါ

- သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အတွက် ဆွမ်းကပ်လှူဒါန်းခြင်းကိုကား
ဓမ္မဒူတမြန်မာကျောင်းတွင် ပြုလုပ်သွားပါမည်။