Mittwoch, 6. Januar 2016

ထမနဲပွဲတော်နှင့်ဈေးရောင်ပွဲတော် ကျင်းပမည်






ထမနှဲပွဲတော်နှင့်နိဗ္ဗာန်ဈေးရောင်းပွဲတော် ကျင်းပမည် ...
............................................................................


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ မြန်မာနိုင်ငံဖွား မိသားစုများအားလုံးကို ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်ပါသည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာ့ရိုးရာအထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်သည့် ထမနှဲပွဲတော်နှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ဆင်ယင်ကျင်းပသွားပါမည်။


ပွဲတော် ၂ ခုဖြစ်သည့်အတိုင်း အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပသွားပါမည်။ ပထမပိုင်း ထမနှဲပွဲတော် အစီအစဉ်ကို မနက် ၁ဝ နာရီမှ နေ့လယ် ၁ နာရီအထိ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ သီလယူခြင်းစသည်တို့ကို ကုသိုလ်ယူဆောင်ရွက်ကြပါမည်။


ဒုတိယပိုင်း နိဗ္ဗာန် ဈေးရောင်းပွဲတော်အစီအစဉ်ကို နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီအထိ ဈေးရောင်းခြင်း၊ ကာရာအိုကေသီချင်းများ သီဆိုကြခြင်း၊ မြန်မာမိသားစုများအချင်းချင်း တွေ့ဆုံစကားပြောဆိုခြင်း စသည်တို့ကို ပျော်ပျော်ပါးပါး စီစဉ်ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ ဂျာမနီနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာမိသားစုများအားလုံးတို့အား ထမနှဲပွဲတော်နှင့်
နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ကြပါကြောင်း၊ မိမိတို့နှစ်သက်ရာစားဖွယ်သောက်ဖွယ်များကိုလည်း ကိုယ်တိုင်ပါဝင်ရောင်းချနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


အစီအစဉ် (၁)မနက် ၁ဝ နာရီမှ နေ့လယ် ၁ နာရီ ..................... သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ သီလယူခြင်း
အစီအစဉ် (၂)နေ့လယ် ၁ နာရီမှ ညနေ ၆ နာရီ ........................ ဈေးရောင်ပွဲတော်ကျင်းပခြင်း၊ ကာရာအိုကေသီဆိုခြင်း


လက်ရှိအချိန်အထိ ဈေးရောင်းရန် စာရင်းပေးထားသူများ


၁။ မမာမာအောင်၊ မစုလေးနွယ် .................. ဒံပေါက်
၂။ မစံပါယ် ............. ရခိုင်မုန့်တီ
၃။ မခင်သူဇာ .......... မန္တလေးကြာဇံချက်
၎။ ကိုလှမြင့်စိုး ......... ထမနှဲ
၅။ ဒေါ်စိုးစိုးသိန်း ............. ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကြက်ရိုးသုပ်
၆။ မရွှေအိမ်စည်၊ မနှင်းမိုးလွင် ............ ကော်ဖီအအေး (ထမနှဲအရောင်း)၇။မောင် နိုင်ဦး ....................... လဘက်ရည်


နေ့ရက် ............ ၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊
2016 Feb 21၊ တနင်္ဂနွေနေ့


နေရာ ...............
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။မှတ်တိုင် Baseler Platz မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။