Montag, 22. Juni 2015

၎ ရက်တရားစခန်းနှင့် ဓမ္မသင်တန်း ဖိတ်ကြားလွှာ







၎ ရက်တရားစခန်းနှင့် ဓမ္မသင်တန်း
ဖိတ်ကြားလွှာ (Update on 27 June)
………………………………………….
တရားစခန်း မတည်အလှူရှင်များ
………………………………………..
၁။ ဒေါ်ခင်သူဇာ၊ သား ဝါဆို မိသားစု ၅ဝ ယူရို
၂။ ဗမာစတိုး ၂၅ ယူရို
၃။ မမာမာအောင်၊ သမီး မနှင်းမိုးလွင်၊ သား မောင်ရဲလင်းဖြိုး မိသားစု ၂၅ ယူရို
၎။ ကိုရောဘတ်ဦး ၂၅ ယူရို
၅။ ဦးသီဟ + ဒေါ်ခင်ခင်ဝင်း၊ သား မောင်ကျော်ဇေယျ မိသားစု၊ Grevenbroich မြို့ ၅ဝ ယူရို
၆။ ကိုသန်းစိုး + မစုလေးနွယ်၊ သား မင်းခန့်၊ ယံယံ၊ သမီး အမရာ မိသားစု၊ ၃ဝ ယူရို
၇။ ကိုလှမောင်သန်း + မစောစန္ဒာ မိသားစု ၂၅ ယူရို
၈။ ဦးဇင်မောင်မောင် + ဒေါ်တင်တင်ဦး၊ သမီး ပန်းမြတ်မွန်၊ သား အေးချမ်းအောင် မိသားစု၊ Regensburg မြို့၊ ၅ဝ ယူရို
၉ ။ ကိုထက်ပြည့် + မလဲ့ယဉ်သိန်း မိသားစု ၅ဝ ယူရို
၁ဝ။ ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစု ၃ဝ ယူရို
၁၁။ ဦးစိုးမြင့် + ဒေါ်နုထွေးအောင် မိသားစု ၃ဝ ယူရို 

ဆွမ်းအလှူရှင်များ
………………………
၁။ ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင်၊ သား အာကာ မိသားစု
ဇူလိုင် ၁၇ ရက်၊ သောကြာနေ့ ညနေ အအေးဖျော်ရည်အလှူ
၂။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု
ဇူလိုင် ၁၈ ရက်၊ စနေနေ့ အရုဏ်ဆွမ်းအလှူ
၃။ ဦးသန်းစိုး+ဒေါ်မော်မော် မိသားစု၊ ဟမ်းဘက်မြို့
ဇူလိုင် ၁၈ ရက်၊ စနေနေ့ နေ့ဆွမ်းအလှူ
၎။ မမာမာအောင် မိသားစု
ဇူလိုင်လ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ အရုဏ်ဆွမ်း မုန့်ဟင်းခါးအလှူ
၅။ ကိုသန်းစိုး + မစုလေးနွယ်၊ သား မင်းခန့်၊ ယံယံ၊ သမီး အမရာ မိသားစု။
ဇူလိုင်လ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ ယံယံမွေးနေ့ နေ့ဆွမ်းအလှူ
၆။ ကိုအောင် + မစိမ့်စိမ့်လှိုင်၊ သား သုတအောင် မိသားစု
ဇူလိုင်လ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ အအေးဖျော်ရည်အလှူ
၇။ ဦးသန်းစိုး+ဒေါ်မော်မော် မိသားစု၊ ဟမ်းဘက်မြို့
ဇူလိုင် ၂ဝ ရက်၊ တနင်္လာနေ့ အရုဏ်ဆွမ်းအလှူ
၈။ ဒေါ်ကျင်သန်း၊ သား မင်းဇော်ဦး၊ သမီး မေထက်ကျော် မိသားစု
ဇူလိုင်လ ၂ဝ ရက်၊ တနင်္လာနေ့ နေ့ဆွမ်းအလှူ
၉။ ကိုမင်းဦး + မပြုံးပြုံးနိုင် မိသားစု
ဇူလိုင်လ ၂ဝ ရက်၊ တနင်္လာနေ့ ညနေ အအေးဖျော်ရည်အလှူ

၎ ရက်တာ ခန်းမအလှူ
.................................
- ၄ ရက်တာ သင်တန်းခန်းမအလှူအဖြစ် မိဘနှစ်ပါးကို အမှူးထား၍ ကိုဖြူခိုင်က လှူဒါန်းပါသည်။

လှူဒါန်းနိုင်သည့်အရာများ
……………………………….
၁။ တရားစခန်း မတည်အလှူ
၂။ ကျောင်းလစဉ်အလှူနှင့် ကျောင်းမတည်အလှူ
…… စသော မိမိတို့ သဒ္ဓါပေါက်ရာ အလှူဒါနများကို ပါဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်ပါစေကြောင်း ပြည်တွင်းပြည်ပမှ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

အရှင်ကုသလသာမိ(အတည်မဲ့)
www.facebook.com/ashinkusalasami
၂၂ ဇွန်လ ၂ဝ၁၅

Montag, 8. Juni 2015

အစည်းအဝေး ဖိတ်ကြားခြင်း


ဂျာမနီနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ခင်ဗျား ....
၂ဝ၁၅ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော စုံညီအစည်းအဝေးတွင် ဝါဆိုပွဲမတိုင်မီ စုံညီအစည်းအဝေးပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့တွင် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာအသင်း၏ အနာဂတ်လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်၊ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန်နှင့် ဘာသာသာသနာ တိုးတက်ထွန်းကားရေးကို ရှေးရှုသော အကြံဉာဏ်ကောင်းများ ရယူနိုင်ရန် စုံညီအစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများအနေဖြင့် ဘာသာသာသနာယဉ်ကျေးမှု တိုးတက်ထွန်းကားရေး စိတ်မှာ တွေး၍ မပျက်မကွက် တက်ရောက်အားပေးနိုင်ပါကြောင်း အသိပေးနှိုးဆော် တိုက်တွန်းလိုက်ရပါသည်။

နေ့ရက်။ ။ ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့

အချိန်။    ။ နေ့လယ် ၁ နာရီ

နေရာ။ ။ Clubraum 1
(Saalbau Gutleut ခန်းမကြီးနှင့် ကပ်လျှက်)
Rottweiler Strasse 32,
60327,Frankfurt am Main
Hauptbahnhof မှ Strassebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz

ဆက်သွယ်ရန် ဖုန်း။ ။ +49 692440 4258, +49 1575 4277 786,
+49 1621 039166

Sonntag, 7. Juni 2015

ယဉ်ကျေးလိမ္မာသင်တန်း (06 June 2015)


၂ဝ၁၅ အတွက် ပထမဆုံးနေ့သင်တန်း မှတ်တမ်းဓာတ်ပုံများ။
ကိုရီးယားမှ သယ်ခဲ့တဲ့ မုန့်များနဲ့သကြားလုံးများ ကလေးများကို ကျွေးမွေး။
မစုလေးနွယ်၊ မမေမြတ်နိုး၊ မညိုတို့က ကလေးများအတွက်
မုန့်များ ကျွေးကြတယ်။ မမြစန္ဒီ မိသားစုကလည်း သူတို့ ဖခင်အတွက်
ကုသိုလ်ကောင်းမှုများ ပြုကြတယ်။ ကိုစိုးသီဟ + မအေမီ မိသားစုက
ကျောင်းအတွက် သောက်ရေသန့်ဗူးများကို လှူဒါန်းပါတယ်။
နောက်တစ်ပတ်မှာတော့ ခန်းမ ငှါးမရသည့်အတွက်
ကျောင်းမှာ ပြုလုပ်ပါမယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...
အရှင်ကုသလသာမိ(အတည်မဲ့)
















Montag, 1. Juni 2015

ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်မည်



ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ရှိ ဗုဒ္ဓဘာသာမိသားစုများ အားလုံးပဲ မင်္ဂလာပါ။
မိမိတို့၏ ရင်နှစ်သည်းခြာ သားသမီးရတနာများ ဗုဒ္ဓအဆုံးအမများ၊ မြန်မာ့ယဉ်ကျေးမှုများနှင့်
မကင်းကွာစေရန်၊ ဗုဒ္ဓတရားတော်များနှင့်အညီ နေထိုင်ကျင့်သုံးတတ်စေရန်အတွက်
ယဉ်ကျေးလိမ္မာသင်တန်းများ ကျင်းပလာသည်မှာ ဒုတိယအကြိမ် တိုင်ခဲ့ပါပြီ။

၂ဝ၁၅ ခုနှစ်အတွက် ယဉ်ကျေးလိမ္မာသင်တန်းများကို ဇွန်လ ၆ ရက်၊ စနေနေ့တွင်
စတင်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။
ဇွန်လ မှ စက်တင်ဘာလအထိ (၄)လတိုင်တိုင်
စနေနေ့တိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
သင်တန်းများကို အရှင်ကုသလသာမိ(အတည်မဲ့)နှင့်
စေတနာရှင် ဆရာ၊ ဆရာမများက ကူညီပံ့ပိုးသင်ကြားပေးသွားကြမည် ဖြစ်ပါသည်။

ကလေးငယ်များ လွတ်လပ်ပျော်ပါးစွာ သင်ကြားနိုင်ရန်၊
ကဗျာသီချင်းများကို လွတ်လပ်စွာ သီဆိုနိုင်ရန်အတွက်
ဤနှစ်တွင် ခန်းမငှါးရမ်းပြီး သင်ကြားသွားကြမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍
ဖရန့်ဖွတ်မြို့နေ ဗုဒ္ဓဘာသာဝင်မိသားစုများအနေဖြင့်
မိမိတို့၏ ရင်နှစ်သည်းခြာ သားသမီးရတနာများကို
အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်ပြီး
လိမ္မာယဉ်ကျေးသူ၊ အနန္တောအနန္တငါးပါး၏ကျေးဇူးတရားကို
တတ်သိနားလည်သူများ ဖြစ်စေရန်အတွက်
ယဉ်ကျေးလိမ္မာသင်တန်းသို့ ပို့ဆောင်ပေးကြပါရန်
တိုက်တွန်းအပ်ပါသည်။

အချိန် ......
၂ဝ၁၅၊ ဇွန်လ ၆ ရက်၊ စနေနေ့၊ နေ့လယ် ၁ နာရီ

သင်တန်းနေရာ ......
Clubraum 1
(Saalbau Gutleut ခန်းမကြီးနှင့် ကပ်လျှက်)
Rottweiler Strasse 32,
60327,Frankfurt am Main
Hauptbahnhof မှ Strassebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz