Samstag, 11. April 2015

ဗုဒ္ဓနေ့ပွဲတော်နှင့် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း အစည်းအဝေး ဖိတ်ကြားခြင်း


ဗုဒ္ဓနေ့ပွဲတော်နှင့် 
ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း အစည်းအဝေး
ဖိတ်ကြားခြင်း

ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား …. 

ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။ 

ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဗုဒ္ဓနေ့ပွဲတော်အခမ်းအနားအပြီးတွင် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း အစည်းအဝေးကိုလည်း ကျင်းပသွားမည် ဖြစ်ပါသည်။ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း ဖြစ် မြောက်ရေး ကြိုးပမ်းမှုအခြေအနေ၊ လက်ရှိအနေအထား စသည်တို့ကို ရှင်းပြရန်၊ မြန်မာကျောင်းဖြစ် မြောက်ရန် စိတ်ရည်သန်လျက်ရှိကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ သိလိုသည်များကို မေး မြန်းခွင့်ရပြီး တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြပေးရန် စသည်တို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ ကျောင်းဖြစ်မြောက်ရန် သဒ္ဓါထက်သန်လျက်ရှိကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများအနေဖြင့် ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း အစည်းအဝေးကိုလည်း တက်ရောက်တင်ပြဆွေးနွေးနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အကျိုးဆောင်များ


နေ့ရက် ။          ။ ၂ဝ၁၅ ခုနှစ်၊ မေလ ၃ ရက်၊ တနင်္ဂနွေနေ့


အစီအစဉ်

မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
နေ့လယ် ၂း ၃ဝ ............................. ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း အစည်းအဝေး စတင်ခြင်း
ညနေ     ၄း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း


လှူဒါန်းနိုင်သည့်အရာများ ...............

အခမ်းအနားတွင် 
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊ 
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊ 
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ .... 
 စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။ 

ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

ရေသန့်ဗူးနှင့်အချိုရည်အလှူရှင် .................

- ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင်၊ သား အာကာ   မိသားစု                                                    

ဆွမ်းဟင်းအလှူရှင်များ ...................

၁။ ဒေါ်ခင်မာလွင် မိသားစု                                           ဝက်သနီချက်တစ်အိုး
၂။ ဒေါ်ခင်သန်းနွယ် မိသားစု                                        ချဉ်ပေါင်ကြော်
၃။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု                              KFC ကြက်ကြော်
၎။ ကိုရောဘတ် မိသားစု                                              ကြက်သားCurry ၊ အစိမ်းကြော်
၅။ ကိုသန်းစိုး+မလေးလေးမိသားစု                                ငါးဖယ်ပာင်း
၆။ ကိုခွန်လွန်းကျော်+မနန်းသီလာမိသားစု                       ပဲပုတ်အစပ်ချက်၊ မြင်းခွာရွက်သုတ်
၇။ ကိုစိုးသီပာ+မအေမီ မိသားစု                                     ငါးဒါန်ဆီပြန်ပာင်း
၈။ ကိုကျော်+မဆု                                                      သီးစုံပဲကုလားပာင်း
၉။ မခင်သူဇာ ၊သားမောင်ဝါဆို                                      ကြက်အသဲအမြစ်ဆီပြန်ပာင်း
၁၀။ကိုထက်ပြည့် နှင့်ဇနီးမိသားစု                                   ဘဲပေါင်းပာင်း
၁၁။ကိုအောင်အောင်+မစိမ့်၊သားသုတ                            ၀က်သားချဉ်သုတ်
၁၂။ကိုကျော်မျိုးနိုင်+မနန်းပာုန်ခမ်း မိသားစု                      ငါးငပိချက်


အချို ပွဲအလှူရှင်များ ...................

၁။ကိုခင်မောင်ဆွေ+မနွဲယဉ်ယဉ်၊သားကြီးထက်၊သားငယ်ကျော်            ကျောက်ကျော နှင့် သစ်သီး
                                                                                         ကြက်သားပတ်စ်


ပန်းအလှအလှူ

၁။ကိုကျော်+မဆု                         


ကျင်းပမည့်နေရာ ......................

Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main 
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz        
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။  


ဆက်သွယ်ရန် ………….

-       0049 692 4404 258 (ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း)
-       01748509485 (ကိုလှမြင့်စိုး)
-       01621039166 (ကိုဖြိုး)

Freitag, 10. April 2015

ကျောင်းအလှူဒါန





- ကွယ်လွန်သူ အဘောင်ရှင် ဒေါ်ခင်စောဦး နှင့် မေမေ ဒေါ်တင်အောင် အား ရည်စူး၍ ကိုမြင့်ဇော် + မဆွေဆွေလင်း၊ သား မောင်ဖရန်ကိုလင်း (ခ) မောင်ဘုန်းမြတ်ပိုင် မိသားစု။
- ကွယ်လွန်သူ ဖခင်ကြီး ဦးထွန်းအောင်ကျော် နှင့် မိခင် ဒေါ်လီလီဖြူတို့အား ရည်စူး၍ ဦးသီဟ + ဒေါ်ခင်ခင်ဝင်း၊ သား မောင်ကျော်ဇေယျ မိသားစုတို့က
ဓမ္မဒူတမြန်မာကျောင်း ဖြစ်မြောက်ရေးအတွက် အလှူငွေ ယူရို ၁ဝဝ စီ လှူဒါန်းသွားကြသည်။
- ကိုဖြူ (ခ) ကိုဖြူခိုင် ကလည်း ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့သည်။
အလှူရှင်များ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ ....

အရှင်ကုသလသာမိ(အတည်မဲ့)
၁၁ ဧပြီ ၂ဝ၁၅

Mittwoch, 1. April 2015

ဝိဟာရဒါန (ဝ၁၊ ဝ၄၊ ၂ဝ၁၅)



ဂျာမနီနိုင်ငံတွင် Ph.D လာတက်နေတဲ့
ကျောင်းသူ မအေးမိုးစံ က
ဓမ္မဒူတမြန်မာကျောင်းအတွက် 
ယူရို ၁ဝဝ
 နှင့်
အခြားလှူဖွယ်များကို
မွေးနေ့အထိမ်းအမှတ်အဖြစ်
လာရောက်လှူဒါန်းသွားပါသည်။