Sonntag, 30. November 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၃ဝ၊ ၁၁၊ ၂ဝ၁၄)









ဂျာမနီရာသီဥတုက အတော်လေး အေးလာခဲ့ပါပြီ။
အနွေးထည်တွေ အထပ်ထပ် ဝတ်နေကြရပြီ။
ရာသီဥတုက အေးပေမဲ့ ဖရန့်ဖွတ်မြို့က ချစ်စရာ သားသားမီးမီးတို့ကတော့ ထုံးစံအတိုင်း အနွေးထည်တွေ၊ ခေါင်းစွပ်တွေ၊ ခြေအိတ်တွေ အများကြီးဝတ်ပြီး အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းကို လာရောက်ကြပါတယ်။

ကိုစိုးလွင် + မမင်းမင်းလှိုင် မိသားစုတို့ကလည်း မိမိတို့၏ သားငယ်များကို အနေဝေးသဖြင့် သင်တန်းမပို့နိုင်သော်လည်း ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြသော သားသားမီးမီးတို့အတွက် အချိုရည်များနဲ့မုန့်များကို လာရောက်လှူဒါန်းသွားကြပါတယ်။

ကိုကြည်ဝင်း + မလင်းလင်းလက်၊ သမီး ရွှေရည်လင်းလက်၊ ကြယ်စင်လင်းလက် မိသားစုတို့ကလည်း သားသားမီးမီးများ၊ မိဘများ၊ မိတ်ဆွေများနဲ့ အဘိဓမ္မာသင်တန်းသားတို့ကို ကြာဆံချက်၊ အချိုရည်၊ မုန့်များနဲ့ အာဟာရဒါနပြုလုပ်ကြပါတယ်။

သားသားမီးမီးတို့နဲ့အတူ ကလေးလူကြီးအားလုံးက မုန့်တွေ၊ အချိုရည်တွေနဲ့ ကြာဆံချက်တွေကို အားရပါးရ စားကြသောက်ကြတော့ အလှူရှင်များလည်း ဝမ်းမြောက်ဝမ်းသာကြပါတယ်။

ကုသိုလ်စိတ်တွေနဲ့ ပြုံးပျော်ကြတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။
ဘာသာအမွေ သာသနာအမွေကို လက်ဆင့်ကမ်းလိုကြတဲ့ မိဘတွေကို လေးစားရသလို ဘာသာအမွေ သာသနာအမွေကို ကမ်းယူကြတဲ့ သားသားမီးမီးများကိုလည်း ချစ်ခင်ရပါတယ်။ အဘက်ဘက်က ဝိုင်းဝန်းလှူဒါန်းကြတဲ့ စေတနာရှင်တွေနဲ့ မြန်မာစာကူညီသင်ပေးတဲ့ သမီး နှင်းမိုးလွင်နဲ့ ရွှေရည်လင်းလက်တို့ကိုလည်း ကျေးဇူးတင်ရပါတယ်။

ကိုဇော်ဝင်းလှိုင် + မတင်ယု၊ သမီး ယုလှိုင်အောင်နဲ့ အိသိင်္ဂီမိုး မိသားစုက
အရုဏ်ဆွမ်းနဲ့ဆေးပစ္စည်းများ တစ်ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် လာရောက်လှူဒါန်းသွားကြတယ်။

ကိုမြင့်ဇော်မိသားစုတို့ကလည်း သားလေးတစ်နှစ်ပြည့်အနေနဲ့ နေ့ဆွမ်းလာရောက်ကပ်လှူသွားကြတယ်။

မမာလာမင်းမိသားစုတို့ကလည်း သားလေး ဒီဒီမင်း မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်ပြီး ဖရန့်ဖွတ်နေ မြန်မာမိသားစုများကို ကျွေးမွေးဧည့်ခံကြတယ်။

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့က မြန်မာများအတွက် ကုသိုလ်တွေ စည်ကားတဲ့ ရက်သတ္တပတ်လို့ ဆိုရပါလိမ့်မယ်။

ချမ်းမြေ့ကြပါစေ

Freitag, 28. November 2014

ကျောင်းအလှူ


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့
ကိုစိုးလွင် + မမင်းမင်းလှိုင် တို့၏
သားငယ် မောင်လင်းခန့်လွင်၏
၃ နှစ်ပြည့်မွေးနေ့အလှူအဖြစ်


ယူရို ၁ဝဝ ကို
ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းဖြစ်မြောက်ရေးအတွက်
ဝိဟာရဒါနအဖြစ်

သဒ္ဓါကြည်ဖြူဆက်ကပ်လှူဒါန်းသွားပါသဖြင့်
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကြေညာအပ်ပါသည်။

Sonntag, 16. November 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၁၆၊ ၁၁၊ ၂ဝ၁၄)






ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့
အပတ်စဉ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်
အဘိဓမ္မာသင်တန်းကို
အုံ့အုံ့ဆိုင်းဆိုင်း၊ ထုံထုံထိုင်းထိုင်း၊
မှိုင်းမှိုင်းညို့ညို့နဲ့
နေမပွင့်တော့တဲ့ ဥရောပရာသီဥတုအောက်မှာ
ပုံမှန်အတိုင်း ဖွင့်လှစ်ခဲ့ပါတယ်။

ရာသီဥတုမသာယာပေမဲ့
သင်တန်းသားကလေးတွေနဲ့အတူ
စိတ်တွေတော့ ကြည်ရွှင်သာယာလှပါတယ်။
လေးနက်တဲ့ အဘိဓမ္မာတွေအကြောင်း
စိတ်ဝင်တစား ပြောရင်း
အသိတွေ တိုးရပါတယ်။

မွေးနေ့အလှူအဖြစ် မောင်ဉာဏ်က
ကလေးများနှင့်လူကြီးများအား
မုန့်မျိုးစုံနှင့် ဒန်ပေါက်ထမင်းများ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

ကျက်သရေဖြာတဲ့နေ့တစ်နေ့ပါပဲ။

အားလုံးချမ်းမြေ့သာယာရှိပါစေ ...

Sonntag, 9. November 2014

အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အဘိဓမ္မာသင်တန်း (၀၉၊ ၁၁၊ ၂ဝ၁၄)








ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့မှ
အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်း။
ကလေးများ တရားထိုင်ကြသည်။
ဘုရားစာရွတ်ဖတ်ကြသည်။
မုန့်တွေ စားကြသည်။

လူကြီးများက ကြည့်ပြီး ကြည်နူးကြသည်။

ကိုဇော်ဝင်းလှိုင် + မတင်ယု မိသားစု၊
ကိုသန်းဝင်း + မဝင်းခိုင်ဖြိုး မိသားစု၊
ကိုဖြိုးမင်းစိုး + မမြစန္ဒီ မိသားစုတို့က
မုန့်များ လှူကြ၊ ကျွေးမွေးကြသည်။
လူကြီးများက အဘိဓမ္မာသင်ကြသည်။

အားလုံး တာဝန်ကျေကြပါသည်။
ဂျာမနီမှာ သာသနာထွန်းစေဖို့
ပေါင်းစုကာ အားထုတ်ကြပါမည်။

အရှင်ကုသလသာမိ(အတည်မဲ့)
ဝ၉၊ ၁၁၊ ၂ဝ၁၄

Mittwoch, 5. November 2014

ကထိန်ပွဲအခမ်းအနား အလှူငွေစာရင်းရှင်းတမ်း (၂ဝ၁၄)



၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ဓမ္မဒူတမြန်မာကျောင်း ကထိန်ပွဲအခမ်းအနား

အလှူငွေစာရင်းရှင်းတမ်း


- စုစုပေါင်း အလှူခံ ရရှိငွေ      2485 ယူရို

ကုန်ကျငွေ

- သံဃာတော်များ ခရီးစရိတ်နှင့် နဝကမ္မအလှူငွေ     1425  ယူရို
- အထွေထွေအသုံးစရိတ် (တိပ်၊ သင်္ကန်းပုံးများ)        77,94  ယူရို

- စုစုပေါင်းကုန်ကျငွေ          1502,94 ယူရို

- လက်ကျန်အလှူငွေ စုစုပေါင်း    982,06 ယူရို

အသေးစိတ် သိလိုပါက
ဖုန်း ....
+49 692 4404 258
+49 173 1535 014
+49 172 2750 691

ကျောင်းအလှူဒါန


အဘိုး ဦးချစ်ထွန်း + မိခင် ဒေါ်ခင်မာလာ တို့အား ရည်စူး၍လည်းကောင်း၊

ဦးဆန်းထွန်း + ဒေါ်ခင်သိန်းတို့ကို အမှူးထား၍လည်းကောင်း

ကိုခင်မောင်ဆွေ + မနွဲ့ယဉ်ယဉ်
သား သားကြီးထက်၊ သားငယ်ကျော် မိသားစုတို့က

ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း ဖြစ်မြောက်ရေးအတွက်
ဒုတိယအကြိမ်မြောက်အဖြစ်
ယူရို ၂ဝဝ ကို မ တည်အလှူငွေများအဖြစ် လာရောက်လှူဒါန်းသွားပါသည်။

နတ်လူသာဓု ခေါ်စေသော် ....

မှတ်ချက်။     ။ ပထမအကြိမ်က ၃ဝဝ ယူရို လှူဒါန်းထားသည်။

ကျောင်းအလှူဒါန



ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့
ဓမ္မဒူတဗုဒ္ဓဘာသာမြန်မာကျောင်းဖြစ်မြောက်ရေးအတွက်


 အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊
မြောင်းမြကျောင်းဆရာတော်
ဘဒ္ဒန္တဇနက - က

ယူရို ၆ဝဝ ကိုလည်းကောင်း၊

(မှတ်ချက်။     ။ ၃ဝဝ ယူရိုကို ယခင်က လှူဒါန်းထားခြင်း ဖြစ်သည်)။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊
သုဝဏ္ဏသိင်္ဂီမိုးကုတ်ရိပ်သာဆရာတော်
ဘဒ္ဒန္တကဝိသာရ - က


ယူရို ၂ဝဝ ကိုလည်းကောင်း

အားပေးလှူဒါန်းခဲ့ပါတယ်။

ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါတယ်။

Sonntag, 2. November 2014

ကထိန်ပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ

ဂျာမနီက ကထိန်ပွဲ
..............................
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း
၎ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

စုပေါင်းမဟာဘုံကထိန်ပွဲသို့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ မြောင်းမြကျောင်းဆရာတော် ဦးဇနက၊ သုဝဏ္ဏသိင်္ဂီမိုးကုတ်ရိပ်သာကျောင်းဆရာတော် ဦးကဝိသာရ၊ ဘာမင်ဟန်ဆရာတော် ဦးဃောသက၊ ဘာလင်မြို့မှ ဦးဥာဏိန္ဒ၊ ဖရန့်ဖွတ်မြို့မှ ဦးကောဝိဒတို့ ကြွရောက်ချီးမြှင့်ခဲ့ကြသည်။