Montag, 25. August 2014

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်ပူဇော်ပွဲ



ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား

သာသနာတော်နှစ် ၂၅၅၈ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်
ပူဇော်သောအားဖြင့် သီတင်းကျွတ်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်များအတိုင်း ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် အဘိုးအဘွားများအား စုပေါင်းကန်တော့ခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။


မြတ်စွာဘုရားရှင်အမှူးးပြုသော သံဃာတော်များအား လှူဒါန်းကြမည့် ဆွမ်းအလှူရှင်များနှင့် ကြွရောက်လာသော အဘိုးအဘွားများ အမှူးးပြုသော ပရိသတ်များအတွက် အကျွေးအမွေးအလှူရှင်များအား လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။

ဓမ္မဒူတမြန်မာကျောင်းတော်ကြီး တိုးတက်စည်ပင်ရေးအတွက် လှူဒါန်းကြမည့်အလှူရှင်များ၊ အခမ်းအနားအောင်မြင်စည်ကားရေးအတွက် ပါဝင်လှူဒါန်းကြမည့်အလှူရှင်များနှင့် အဘိုးအဘွားများအတွက် သီးသန့်လှူဒါန်းလိုသော အလှူရှင်များကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ 

သဒ္ဓါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

                                                   အကျိုးတော်ဆောင်များ


သက်ကြီးပူဇော်ပွဲအလှူရှင်များစာရင်း
 
၁။ ဦးကောဝိဒ  ယူရို ၅ဝ
၂။ ဦးသုမန      ယူရို ၅ဝ
၃။ ဦးမင်းဦး + ဒေါ်ပြုံးပြုံးနိုင် မိသားစု          ယူရို ၁ဝဝ
၎။ ကိုဖြိုး (ဗမာစတိုး)                                ယူရို ၅ဝ
၅။ ကိုကျော်ဆွေညွန့် (ဗမာစတိုး)                ယူရို ၅ဝ
၆။ ကိုဝင်းကိုမြတ်+မဖြိုးဖြိုး                        ယူရို ၅၀
၇။ ကိုခွန်လွန်းကျော်+မနန်းသီလာ             ယူရို ၂၀
၈။ ကိုလှမြင့်စိုး                                      ယူရို ၅ဝ
၉။ ယမန်နှစ် သက်ကြီးပူဇော်ပွဲ ရံပုံငွေလက်ကျန်     ယူရို ၁၁၅
၁၀။ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင်၊သားအာကာ   ယူရို ၆၀
၁၁။ ကိုကျော် +မဆု                                ယူရို ၂၅ 
၁၂။ ဖြူ ခိုင်                                             ယူရို ၂၅


 
အစီအစဉ်

နံနက် ၁၁း၀၀နာရီ ........... မြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်ခြင်း
                           ............. သံဃာများအား စုပေါင်းဆွမ်းကပ်ခြင်း
နံနက် ၁၁း၃၀ နာရီ ........... တရားနာပရိတ်သတ်များအား စားဖွယ်များဖြင့် ကျွေးမွေးဧည့်ခံခြင်း
နေ့လယ် ၁း၀၀နာရီ............ သင်္ကန်းစသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
နေ့လယ် ၁း၃၀ .................. သံဃာတော်များမှ သီလယူ၊ ပရိတ်တရားတော်နှင့်     
                                         သီတင်းကျွတ်တရားတော်နာယူခြင်း
နေ့လယ် ၂း၃၀ နာရီ............၈လုံးဘွဲ့သံပေါက်ကဗျာဖြင့် မြတ်စွာဘုရားအားပူဇော်ခြင်း၊ မေတ္တာပို့သခြင်း

နေ့လယ် ၃း၀၀ ................... အဘိုးအဘွားများအား စုပေါင်းကန်တော့ခြင်း
နေ့လယ် ၄း၄၅နာရီ.........     အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း။

နေရာ။           ။Clubraum 1 +2 Saalbau, Rottweiler Straße 32, 60327 Frankfurt am Main 
Hauptbahnhof မှ Straßebahn 12,16,21 စီးပြီး Baseler Platz
မှတ်တိုင် ဆင်းပါ။ 

နေ့ရက်။          ။စက်တင်ဘာလ ၂၁ ရက် ၊ တနင်္ဂနွေနေ့
  
အကျွေးအမွေးအလှူရှင်များ

၁။ ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် သား သုတအောင် မိသားစု    -   ငါးဖယ်ဟင်းနှင့်ကြက်ဥဟင်းအလှူ
၂။ ဒေါ်ခင်မာလွင်မိသားစု                                                   -  အမဲသားနှပ်ပာင်း
၃။ ကိုဖြိုး                                                                       - ကြက်သောက်ဆမ်း၊ကြက်သားပဲငပိ
                                                                                    မျစ် စံတော်ပဲကြော် ၊ ၀က်လက်ဖက်
၎။ ကိုခွန်လွန်းကျော်+မနန်းသီလာ                                        -  ပဲပုတ်ငါးပိချက် ၊ငှက်ပျောဖူးသုတ်
၅။ ဦးလှစု+ဒေါ်စိုးစိုးသိန်း မိသားစု                                        -  ဘဲပေါင်း
၆။ ဒေါ်ခင်ထွေး မိသားစု                                                     -  စိန်ပန်းသုတ်
၇။ ဒေါ်ခင်သူဇာ                                                               -  အစိမ်းကြော်
၈။ ပုဂံဆူရှီ                                                                     - ငါးပာင်း
၉။ ကိုကျော်စိန်ဝင်း+မကြည်ကြည်ခင်၊သားအာကာ                    - ပုဇွန်ဆီပြန်ပာင်း


                                          
အချိုပွဲ
၁။ကိုမင်းမင်း (မွန်)              သစ်သီးစုံ
၂။ကိုဖြိုး                            အုန်းနို့ကျောက်ကျော
၃။ကိုဖေးမတ်စ်+မအေးမွန်လှိုင်  Green Tee cheese cake

အအေးနှင့်သောက်ရေ
၁။ မစံပယ်လွင် (ရာသက်ပန်အလှူ ရှင်)

ပန်းအလှဆင် 

၁။ ကိုကျော်+မဆု                   

လက်ရှိစာရင်းပြုစုထားသော အဘိုးအဘွားများစာရင်း

၁။ ဦးတင်ဖေ
၂။ ဦးလှစု
၃။ ဦးလှ
၎။ ဒေါ်ခင်ထွေး
၅။ ဒေါ်နီနီထူး
၆။ ဦးမြင့်ဆွေ
၇။ ဦးအေးမြင့်
၈။ ဦးစံရွှေမောင်
၉။ ဦးမျိုးမြင့်
၁ဝ။ ဒေါ်ငြိမ်း
၁၁။ ဒေါ်တင်မေဦး
၁၂။ ဦးလှစိုး
၁၃။ ဒေါ်သိန်းမြင့်
၁၄။ ဒေါ်ချိုမာတင်
၁၅။ ဦးချိုဝင်း
၁၆။ ဒေါ်နီနီသွင်
၁၇။ ဒေါ်ညွန့်ရည်မင်း
၁၈။ ဦးစီလတ်
၁၉။ Herr Herbert Rusche 


 မှတ်ချက်။       ။ အထက်ပါ စာရင်းကို ပြုစုရာတွင် အသက် ၆ဝ ကျော်အဘိုးအဘွားများကို မှတ်မိသိရှိသမျှ ပြုစုထားခြင်း ဖြစ်ပါသည်။ အထက်ပါစာရင်းတွင် မပါဝင်သော အဘိုးအဘွားများကို သိရှိပါက အောက်ပါဖုန်းနံပါတ်သို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဖုန်း - ၀၆၉ ၂၄၄၀၄ ၂၅၈
                                                                                                  အကျိုးတော်ဆောင်များ

နှိုးဆော်ခြင်း


ဥရောပတစ်ခွင် ဓမ္မဒူတခရီး လှည့်လည်ကြွရောက်နေသော ရွှေညဝါဆရာတော်သည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ညနေအချိန်တွင် ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။

ဓမ္မဒူတမြန်မာကျောင်းတွင် တစ်ညသီတင်းသုံးအပြီး သြဂုတ်လ ၃ဝ ရက်နေ့ ည ၉ နာရီလေယာဉ်ဖြင့် ထိုင်းနိုင်ငံနှင့်အမေရိကန်နိုင်ငံများသို့ ဆက်လက်ကြွရောက်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဖရန့်ဖွတ်မြို့နေ ဒကာဒကာမအပေါင်းတို့အနေဖြင့် လာမည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ရွှေညဝါဆရာတော်အမှူးပြုသော သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ စုပေါင်းဆက်ကပ်လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့



မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။

ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။

မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။

ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။

ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။

ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။

မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။

( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )

Dienstag, 12. August 2014

ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်ခြင်း


ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းတွင်
ပထမဆုံးအကြိမ်အဖြစ် ဖရန့်ဖွတ်မြို့နေ မြန်မာမိသားစုဝင်များ၏
ရင်နှစ်သည်းခြာ သားရတနာ၊ သမီးရတနာများအား
ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက်
ယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Second Generation အလွန်အရေးအကြီးပါသည်။
သူတို့ကသာ ဂျာမနီမှာရှိသော ဗုဒ္ဓဘာသာကို
အခြေမြှင့်နိုင်မှာဖြစ်ပါသည်။ သူတို့ကို ဗုဒ္ဓဓမ္မအမွေပေးလိုက်နိုင်ဖို့
အရေးကြီးပါသည်။ သူတို့လေးများကို ဗုဒ္ဓဓမ္မအမွေ ပေးလိုက်ခြင်းသည်
ဂျာမနီနိုင်ငံမှာ ဗုဒ္ဓသာသနာထွန်းတောက်ဖို့အတွက်
သာသနာပြုများ မွေးထုတ်ပေးလိုက်ခြင်းနှင့် ထပ်တူဖြစ်ပါသည်။
သူတို့လေးများကို ဗုဒ္ဓဘာသာအမွေ မပေးလိုက်နိုင်လျှင်
သာသနာပြုပုဂ္ဂိုလ်များကို ဆုံးရှုံးလိုက်ရခြင်းဟု ဆိုနိုင်ပါသည်။

သို့ဖြစ်၍ ဤယဉ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်အောင်
အနီးကရော အဝေးကရော စိတ်ရော ကိုယ်ရော
ကူညီပေးသည့် ဒကာမကြီး ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်)ကို
အထူးကျေးဇူးတင်ပါသည်။
ထို့အပြင် မိဘဝတ္တရားကျေပွန်အောင် မိမိတို့၏ သားရတနာ သမီးရတနာလေးများကို
ယဉ်ကျေးလိမ္မာသင်တန်းသို့ ပို့ဆောင်ပေးကြသည့်
မိဘများ ... အားလုံးကို ကျေးဇူးတင်ပါသည်။

အားလုံးချမ်းမြေ့ကြပါစေ ...

မေတ္တာဖြင့်

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၈၊ ဝ၉၊ ၂၀၁၄

Freitag, 8. August 2014

ကျောင်းအလှူဒါန


ကိုခင်မောင်ဆွေ + မနွဲ့ယဉ်ယဉ်
သားကြီးထက်
သားငယ်ကျော်
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့

မိသားစုက

ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းဖြစ်မြောက်ရေးအတွက်
ဝိဟာရဒါနအဖြစ်

ယူရို ၃ဝဝ ကို

သဒ္ဓါကြည်ဖြူဆက်ကပ်လှူဒါန်းသွားပါသဖြင့်
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကြေညာအပ်ပါသည်။


Sonntag, 3. August 2014

ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်း






ဂျာမနီနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာဝင်မိသားစုများ၏ ရင်သွေးငယ်များအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဓလေ့ထုံစံများ၊ တရားထိုင်နည်း၊ ဘုရားရှိခိုးနည်း စသည့် ဗုဒ္ဓဘာသာဝင်တစ်ဦး သိသင့်သိထိုက်သည့် ဘာသာရေးအဆုံးအမများကို သိရှိနားလည်စေရန် ယဉ်ကျေးလိမ္မာသင်တန်းများကို လာမည့် စနေနေ့ (သြဂုတ်လ ၉ ရက်နေ့)တွင် စတင်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
တက်ရောက်သင်ကြားမည့် ကလေးမိဘများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စာရင်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

- ၀၁၅၂ ၁၄၄၈၉ ၅၆၅
- ၀၆၉ ၂၄၄၀၄၂၅၈