Mittwoch, 31. Oktober 2012

ဘဝအတွက်ဘာသာ၊ ဘာသာအတွက်ဘဝ

ကံထွန်းသစ်
အောက်တိုဘာ ၂၉၊ ၂၀၁၂
ကိုယ် သည်ဆောင်းပါးကိုရေးနေချိန်မှာ  “ဆရာတော် ဒီအရေးမှာ တပည့်တော်တို့ တခုခုလုပ်ရမယ်” ဟု မချိတင်ကဲဆိုလာသူက ဘတ်ဖဲ လိုးမြို့ရောက်နေသည့် ညီမောင် “အရှင်မဏ္ဍလ” ပင်။
ငယ်သူတို့ရင်ဝယ် မီဒီယာတွေကတဆင့် မီးတို့ကူးပေလိမ့်၊ အပူတို့ ဟပ်ပေလိမ့်။ ကိုယ်သည်ပင် နယူးယောက်ရှိ “သာသနာ့ဥသျောင်” က ဥက္ကဌထေရ်ကို သဘောထားထုတ်ပြန်ဖို့ ကြားစမှာပင် လျှောက်ကြားခဲ့ပြီလေ။
အမိမြေ၊ ရခိုင်ဒေသက ငြိမ်းလေပြီးစမီးသည်လည်း ငယ်သူတို့ရင်ဝယ် ပြန်လည်နိုးကောင်းနေပေလိမ့်။ ထိုအကြောင်းသည် နှလုံးသွင်းမြဲ မေတ္တာကမ္မဋ္ဌာန်းကို ခြောက်သွေ့ကောင်း ခြောက်သွေ့သွားစေပေလိမ့်။
ညီတော်၊ နောင်တော်တို့ သီတင်းသုံးရာ ကျောင်းဝိဟာတို့ မီးရှို့ခံရသတဲ့၊ ကိုးကွယ်ရာ အဖမြတ်စွာ၏ ကိုယ်စားတော်ရုပ်ထုရုပ်ပွားတို့သည်လည်း မီးသင့်ခံတော်မူကြရသတဲ့။ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့်ရှိ ကျောင်းဗိမာန်အမွေအနှစ် အဆောက်အဦတို့သည်လည်း ဆုံးရှုံးရပြီတဲ့။
သာသနာရိပ်၊ ဘာသာရိပ်၌ ငြိမ်ဆိတ်စွာမွေ့လျှော်တတ်သည့် မိသားစုတို့ခမျာလည်း အိုးမဲ့ အိမ်ကင်း ဖြစ်ကြရပြီ။ ဆာရီဝတ်နှင့် မျက်ရည်သုတ်ကာ သနစ်စုံကိုပြောပြနေသော အမျိုးသမီးကြီးတို့၏ သတင်း ဓာတ်ပုံတွေကလည်း မြင်သူတိုင်းစာနာစရာ။
“ဘန္တေ”
ကျွမ်းဝင်သော ပါဠိဝေါဟာရဖြင့်ခေါ်လိုက်သံကြောင့် ချာကနဲလှည့်ကြည့်မိတော့ အစိမ်းနုရောင် ဆာရီ ဝတ်သည့်  အမျိုးသမီးကို လက်အုပ်ချီလျှက်သားတွေ့ရသည်။ သမီးပျိုနှစ်ယောက်နှင့် အမျိုးသား တဦးကိုပါ တွေ့ရ၍ မိသားစုဟုခန့်မှန်းမိသည်။ အားလုံးက ခင်မင်နှစ်လိုစွာ အပြုံးဖြင့်စကားဆိုကြသည်။ ကိုယ်လာရာနှင့် ကိုယ်နေရာပြည်နယ်ကိုမေးကာ သူတို့သည်လည်း ဘင်္ဂလားဒေ့ရှ်ကဖြစ်၍ ယခု သည် နယူးယောက်မြို့ ကြီးမှာ အခြေကျခဲ့ပြီတဲ့။  “ဘန္တေ”ချင်း ခွန်းဆင့်ကာစကားတွေဆိုရင်း လူတွေ ဥဒဟိုသွားလာနေသည့် ဘရော့ဒ်ဝေးလမ်းမကြီးတလျှောက် ထွက်ခွာသွားကြတော့သည်။
မဟတ္တန်ရပ်ကွက်ကြီးရှိ ခန့်ငြားသောရုံးကြီးတခုရှေ့မှ နားနေခုံတန်းလေးမှာထိုင်ရင်း ငေးကျန်ခဲ့သည်။ ဘာသာတရားဟာ မထင်မှတ် သည့်နေရာမှာ မမှတ်ထင်သည့်သူတွေနှင့် တသားတည်းဖြစ်သွားစေခဲ့ပါလား၊ ကိုယ့်အသွင်ကိုမြင်ရုံနှင့် သူတို့ရင်ဟာ ….. အတွေးမဆုံး။ ကော့စ်ဘဇားနှင့် ရာမူး ပန်းဝါဒေသဆီသို့ အာရုံရောက်သွားသည်။
အင်း … သူတို့မျိုးသူတို့ဆွေတွေလည်း မီးသင့်ဘေးဝေးတန်ကောင်းပါရဲ့။ ဝေးပါစေ … ဝေးကြပါစေ …။
မီးတောက်တို့ အကြွင်းမရှိငြိမ်းပါစေ၊ ထိုမီးတို့လာရာ အာဃာတအတွင်းမီးတို့သည်လည်း ငြိမ်းပါစေ၊ ငြှိမ်းနိုင်ကြပါစေ။
ဟူး … ဘာဖြစ်လို့များ သူရို့တတွေ ခုလိုလုပ်ရက်ကြပါလိမ့်၊ လုပ်ရဲကြပါလိမ့်၊ သူတပါးလည်းဒုက္ခရောက်၊ ကိုယ်လည်းဆင်းရဲမကင်း၊ ခုဆို ဥပဒေက သူတို့ကို အရေးယူပြီး လူပေါင်းရာချီဖမ်းထားပြီတဲ့။
အကြောင်းကိုရှာကြည့်တော့… “Facebook” ကစသည့်ပြဿနာ။ ပုံလေးတပုံကစတဲ့မီးပေါ့။ မရှေးမနှောင်းက “လစ်ဗျား” မှာတောက် သည့်မီးက ပိုကြီးခဲ့သည်။ မဖြစ်ကောင်းသည့် သံရုံးကိုပင်ပြာကျစေခဲ့၊ သံအမတ်နှင့် ဝန်ထမ်းတွေပင် ကျဆုံးကြရ၊ နောက်ပြီး… ကူးစက် လောင်တောက်သွားလိုက်တာ၊ အရှေ့အလည်ပိုင်းမှသည်   ယုံကြည်သက်ဝင်သူတို့နယ်ပယ်ဧရိယာအနှံ့။
ထိုသည်လည်း Online ကစသည့်မီးပင်၊ Youtube မှာ တမန်တော်မိုဟာမက်ကို သရော်ထားသည့် ရုပ်ရှင်တကားကြောင့်တဲ့။ ထူးဆန်းတာက ရိုက်ကူးသူက အမေရိကန်မဟုတ်၊ အီဂျစ်နိုင်ငံဖွားတဲ့။ ဒီလူကရော ဘာဖြစ်လို့ ဒီလိုရုပ်ရှင်ကို ရိုက်ကူးရပါလိမ့်၊ သူ မယုံကြည်လို့လား၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရာဘာသာက ပိုကောင်းသည်ဟု သက်သေထူချင်လို့လား။ ဒါဆို … သူ့သက်သေကခိုင်၊ မခိုင်မသိရ။ ဘေးထွက်ဆိုးကျိုးကမူ …။
သည်နိုင်ငံ၏ဇာတိသားနဲ့ ပညာတတ် ပဝတ္တိသားမှန်လျှင် ကိုယ့်ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို သူတပါးဘာသာကိုလည်း ထိပါးခွင့်မရှိတာ သိကြသည်။ ဒီလူက ဘာလို့များ … ။
နောက်ပြီး … တဘက်ကလည်း အင်တာနက်တို့၊ Facebook လို Social Network တို့ဆိုတာ ဘယ်သူမဆိုသုံးစွဲနိုင်တာကို သဘောပေါက်ပြီး ကြောင်းကျိုးကျ ချေပထုတ်လွှင့်နိုင်ပါလျှက်နှင့် ခုတော့ အမှန်ကအမှားဖြစ်၊ နောက်ဆုံးတော့ ဒီဘက်ရောက်အစွန်းနှင့် ဟိုဘက်ရောက်အစွန်းတို့ ထိခတ်ကြခြင်းသာ၊ အင်း … အစွန်းအစွန်းချင်းထိကြ၊ ခိုက်ကြသည်က မထောင်းသာပေမင့်၊ ကြားကမဆိုင်သူတွေမှာ မဆီလျှော်တာတွေ ဖြစ်ခဲ့ရ။ ဘာဘဲဖြစ်ဖြစ် လက်သည်းဆိတ်တော့ လက်ထိပ်က နာချင်ချင်။
တွေးကြည့်လျှင် ကိုယ်တို့ဘာသာဝင်တွေက အနာခံအလျှော့ပေးခဲ့ကြတာချည်းပါဘဲ။ ဘာမင်ဟန် တောင်တန်းက မတ်ရပ်ရုပ်ပွားတော်ကြီးတွေ၊ မိလိန္ဒနှင့် အရှင်နာဂသိန်တို့ ဆွေးနွေးကြတဲ့နေရာဟာ … ခု အာဖဂန်ခေါ်သည့်နေရာပေါ့၊ ရှေ့ကတိုင်းကြီး ဆယ့်ခြောက်တိုင်းမှာပါသည့် ဝင်္ဂတိုင်းဆိုတာ … နောက်ပြီး တက္ကသီလာ … ဗုဒိုဘောဓော … စသည့် … စသည့် …. ဖတ်မှတ်ခဲ့သည့်ဝါကျတွေ … စကားတွေသည် ပြတ်ထင် ပဲ့တင်လာကြပြန်သည်။
ကိုယ်တို့ဘာသာဝင်တွေက အဖမြတ်စွာ၏ အဆုံးအမကလွဲလျှင် ဘယ်အရာကိုမျှ မြဲတယ်မထင်တတ်သူတွေ၊ ဒါကြောင့် အရာရာကို ခွင့်လွှတ်သည်းခံတတ်ကြခြင်းဖြစ်မည်ထင့်၊ လက်တုံ့ပြန်မည်ဆို ပြန်ချင်စရာတွေ အများကြီး၊ လစ်ဗျား အရေးမတိုင်မှီမှာ သီရိလင်္ကာက ဖြစ်ရပ်ကိုကြည့်၊ ပြင်သစ်နိုင်ငံသားဓာတ်ပုံဆရာတွေ ရိုက်ကူးခဲ့ကြသည့်ပုံက ဗုဒ္ဓရုပ်ပွားတော်တွေ တဆူနှင့်တဆူ နမ်းရှုပ်နေဟန်တဲ့၊ ရာဂညစ်ကြေး ကိလေသာ ကင်းဝေးမှုကို ရွေးမျှမသိဆိုးဝါးနိုင်သူတွေ၏ စိတ်ကူးစိတ်ရူးက ငိုအားသန်ခက်၊ ရယ်အားသန်ခက်ရ။
ဒါတင်မက Youtube က မိုဟာမက်ရုပ်ရှင်လိုပင် ဗုဒ္ဓမြတ်စွာကိုသရော်ထားသောရုပ်ရှင်တကားထုတ်လွှင့်ကြ သေးသည်။ TV Channel တခုက ပုံမှန်ထုတ်လွှင့်နေသတဲ့။ အကဲဆတ်သည့်ဘာသာဝင်တွေဆို ဘာခံလိမ့်မလဲ။ တို့ဘာသာဝင်တွေကတော့ ပျော့ညံ့တာလား … အင်အားချည့်နဲ့တာလား … မသိလိုက်ကြလို့လား …။
တကယ်တော့ ထိုထင်ကြေးတွေ တခုမှ မဟုတ်နိုင်၊ အထက်မှာ ဆိုခဲ့သည်သို့ ဗုဒ္ဓ၏ ရင်ရိပ်ဝယ် ငြိမ်ဆိတ်သူများပင်။ “ ကိုယ်ပြုသည့်ကံ ကိုယ့်ဆီပြန် ကိုယ်သာခံရမည် “ ဆိုသည့် ကမ္မနိယာမနှင့် ကြီးပြင်းခဲ့ကြသည်။ “ အပြစ်ကင်းစွာ ၊ နိပ္ပရာဓ၊ ဒေါသမဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားထုံထ၊ မိုးပေါ်လကို၊ စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့ …” ဆိုသည့်တရားနှင့်အညီ မပြစ်မှားသင့်သူကို ပြစ်မှားလျှင်၊ မိုးပေါ်က လကို တံတွေးနှင့်ထွေး၊ ဖုံနှင့်ပက်သူသို့၊ ကိုယ့်မှာသာ ညစ်ပေရသည်ကို နားလည်ထားနှင့်ကြသူများမို့ပင်။
ထို့ပြင် “ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်း “ ဆိုသည့် “ ယဉ်ကျေးမှုထုံး၊ စောင့်ထိန်းမှုစံ “ တို့ကလည်း ကိုယ်တို့ဝန်းကျင်မှာ ကြွယ်ပိုးကြွယ်ဝ ရှိခဲ့ကြသည်မဟုတ်လား။
ဒါတွင်မက … ပစ္စုပ္ပန်မှာလည်းငြိမ်းချမ်း၊ သံသရာလည်း မပူပင်ရအောင်၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း လောကဓံကို ရင်ဆိုင်တတ်အောင် အဖမြတ်စွာ၏ သင်ကြားမှုတွေကလည်း နာယူလို့မကုန်၊ နှလုံးသွင်းလို့မဆုံး။
တနေ့ ဗုဒ္ဓမြတ်စွာ နောက်ပါသာဝကတွေနှင့် ဒေသစာရီ ခရီးရှည်ကြွတော်မူရာ အယူတပါးရှိသည့် သုပ္ပိယပရပိုဇ်က ဘုရားကိုကဲ့ရဲ့၊ တရားကိုရှုတ်ချ၊ သံဃာကိုပြစ်တင်ပြီး တပည့် ဗြဟ္မဒတ္ထလုလင်ကတော့ ဘုရားကိုချီးမွမ်း၊ တရားကိုချီးကျူး၊ သံဃာကို ဂုဏ်ညျွှန်းနဲ့ ဆရာတပည့် ဖြောင့်ဖြောင့်ဆန့်ကျင်ကာ လိုက်ကြသတဲ့။ သည်အကြောင်း ရဟန်းတွေက မြတ်စွာဘုရားကိုလျှောက်ကြတော့ “ ချစ်သားတို့ … တဦးတယောက်က ငါဘုရားကိုဖြစ်စေ၊ ငါ၏တရားကိုဖြစ်စေ၊ ငါ၏တပည့်သား သံဃာကိုဖြစ်စေ ကဲ့ရဲ့ သင်္ဂြိုလ် ပြစ်တင်ဆိုလာအံ့၊ ထိုဆိုခြင်းကြောင့် သင်တို့အမျက်မထွက်ရာ၊ အမျက်ထွက်နေခြင်းကြောင့် သူဆိုသောစကား မှန်သလား၊ မှားသလား သင်တို့မှာမဝေခွဲနိုင်၊ ဆုံးရှုံးရ၏။
နည်းတူပင် … တစုံတယောက်က ငါဘုရားကိုဖြစ်စေ၊ တရားကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ ချီးမွမ်းစကားဆိုလာအံ့။ ထိုဆိုခြင်းကြောင့်လည်း သင်တို့ဝမ်းမြောက်မနေရာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းဖြင့် သူဆိုလာသောစကား အမှန်အမှားကို မဝေခွဲနိုင်၊ ကိုယ့်မှာသာဆုံးရှုံးကြ ရာသည်။ မှန်လျှင် … ဤအကြောင်းကြောင့် သင့်စကားမှန်ပေသည်၊ မှားလျှင် ထိုအကြောင်းကြောင့် သင့်စကား မှားသည်ဟုသာ ကြောင်းကျိုးပြ တုန့်ပြန်ကြရာ၏ … တဲ့။
ဒီဃနိကာယ်လာ မြတ်ဗုဒ္ဓ၏စကားတော်က ရင်မှာပဲ့တင်ထပ်လာပြန်သည်။ ဖြန်းကနဲ မွေးညင်းတို့ ထသွားရသည်။ အော် … သည်နှယ် အနှစ်ဓမ္မတွေကို အရတော်လိုက်ပလေ၊ အဟောသုခဖြစ်ရပလေ၊ သည်လို ပုဂ္ဂိုလ်မြတ်၏ဓမ္မ၌ အသက်ထက်ဆုံးပျော်ဝင်ရခြင်းသည် ဘဝအဓိပ္ပါယ်ရှိလိုက်ပလေ၊ ဖာသာကြည်နူးနေမိသည်။
သည်ဘာသာကို အမွေအနှစ်အဖြစ် ပေးခဲ့သော ကိုယ့်မိ၊ ကိုယ့်ဖ၊ ကိုယ့်ဘိုး၊ ကိုယ့်ဘွားတို့ကိုလည်း လှမ်း၍ ကျေးဇူးဆိုနေမိသည်။
ထိုထို … အသီးသီးတို့သည်လည်း ယုံကြည်ရာရာ ဘာသာရိပ်၌ ကိုယ်တို့နှယ် မွေ့လျှော် ငြိမ်းအေးကြပါစေ။
သို့နှယ် ကျေနပ်ခြင်း၊ ဘဝင်ကျခြင်းအလျင်တွေ၌ မျောနေစဉ် … ရင်၌ ပုစ္ဆာတစ်ခု ရုတ်ချည်းပေါ်လာသည် …၊
ဘဝအတွက် ဘာသာတရားလား၊
ဘာသာအတွက် ဘဝလား …။

Dienstag, 30. Oktober 2012

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ


မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။ (ဇေယျာနောင်(စင်္ကာပူ))

ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစ
ို့ ကိုယ့်စိတ်အကြောင်း ကိုယ့် လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖို့ရာ အဘိဓမ္မာကို လေ့လာမှပိုပြီးသိတယ်။

အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြား စိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာလေ့လာ ခြင်းဖြင့် ပိုပြီးထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာဘာသာ ရပ်ကို လေ့လာထား ရမယ်။ ဒါဟာ အေ
ရးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာသင်ထား
တဲ့ အတွက်ကြောင့် ကိုယ့် ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နား လည်လာတယ်။ ကိုယ့်အကြောင်း ကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင် မယ်မဟုတ်လား မင်း ဘယ်ဘဝကလာတယ် ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလ တာတုန်း ဘယ်သွားမှာတုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ ဘူးလေ။

ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ် ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ်၊ ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာ ထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင်တယ်ဆိုရင် အဲဒါတွေနား လည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်က အဘိ ဓမ္မာဘာသာရပ် ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrinesပဲ ရုပ်တရား နာမ် တရားတွေနဲ့ ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အ ကူ အများချည်း ဖြစ်တယ်ပေါ့။ Underlectical Knowledge Job mind & Matter အထောက်အကူပြု တဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာ အမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့် မေးခွန်း အဖြေလွှာမှ )

အမှတ်တရ ကုသိုလ်များ

သီတင်းကျွှတ်လပြည့်အဘိဓမ္မာနေ့ အထိမ်းအမှတ်တရားပွဲ ၂၈.၁၀.၁၂

( သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့ နှင့် မဟာပ၀ါရဏာနေ့)



" သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ
ထမြောက်ကြသော သံဃာတော်အရှင်မြတ်
များသည် -
မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက
သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊
သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး
ပ၀ါရဏာပြုကြသည်။ ထို့ကြောင့်
သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့
ဟုလည်း ခေါ်ကြသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော

မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက်
ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်
သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံ
ခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်
ကန်တော့လေ့ ရှိကြသည်။ "

-" သီတင်းကျွတ်လပြည့် - ပ၀ါရဏာနေ့ "
~~~~~~~~~~~~~~~~~~~~~~

" သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ
ထမြောက်ကြသော သံဃာတော်အရှင်မြတ်
များသည် -
မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက
သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ 
သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး 
ပ၀ါရဏာပြုကြသည်။ ထို့ကြောင့်
သီတင်းကျွတ်လပြည့်နေ့ကို ပ၀ါရဏာနေ့
ဟုလည်း ခေါ်ကြသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော
မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက်
ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်
သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံ
ခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်
ကန်တော့လေ့ ရှိကြသည်။ "

- ( သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့
နှင့် မဟာပ၀ါရဏာနေ့)

ဥပုသ်နေ့ ဥပုသ်သီလဆောက်တည်ကြပါစို့

သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့



မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။

ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။

မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။

ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။

ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။

ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။

မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။

( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )

Samstag, 27. Oktober 2012

သူတော်ကောင်း ယောက်ျားမြတ်၏ ဂုဏ်ရည်


၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို၊ မေးသော်လည်း ထင်ရှားစွာပြု၍မပြော။ မမေးလျှင်ကား၊ အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်)၊ သူတပါး၏ ဂုဏ်မဲ့ကို၊ လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား၊ သူတော်ကောင်းယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်ရှိစကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။ မေးလျှင်ကား၊ အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ သူတစ်ပါး၏ဂုဏ်ကို၊ မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် -
မိမိ၏ ဂုဏ်မဲ့စကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၎။ နောက်တမျိုးကား၊ ပညာရှိ ယောက်ျားမြတ်သည် -
မိမိ၏ဂုဏ်ကို မေးသော်လည်း၊ ထင်ရှားစွာပြု၍ မပြော။ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင်၊ မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့်၊ မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )
သူတော်ကောင်း ယောက်ျားမြတ်၏ ဂုဏ်ရည်။
•••••••••••••••••••••••••••••••••••••••
၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို၊ မေးသော်လည်း ထင်ရှားစွာပြု၍မပြော။ မမေးလျှင်ကား၊ အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်)၊ သူတပါး၏ ဂုဏ်မဲ့ကို၊ လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား၊ သူတော်ကောင်းယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်ရှိစကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။ မေးလျှင်ကား၊ အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ သူတစ်ပါး၏ဂုဏ်ကို၊ မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် - 
မိမိ၏ ဂုဏ်မဲ့စကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၎။ နောက်တမျိုးကား၊ ပညာရှိ ယောက်ျားမြတ်သည် - 
မိမိ၏ဂုဏ်ကို မေးသော်လည်း၊ ထင်ရှားစွာပြု၍ မပြော။ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင်၊ မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့်၊ မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )

Freitag, 26. Oktober 2012

သီတင်းကျွတ် နှင့် မာရသွန်

ဓမ္မမိတ်ဆွေသူတော်ကောင်း ရောင်းရင်းအပေါင်းတို့ခင်ဗျား.............
အောက်တိုဘာလ ၂၈ရက် တွင်ကျင်းပပြုလုပ်မည့် သီတင်းကျွတ်ပွဲတော်နှင့် မာရသွန်ပွဲတော်တိုက်ဆိုင်နေပါသဖြင့် လမ်းပိတ်ဆို့ခြင်းမှရှောင်ရှားနိုင်ရန်ကြိုတင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။Straße Bahn 11 နှင့် 21 ,Bus ကားများ ပြေးဆွဲမည်မပာုတ်ကြောင်းသိရှိရပါသည်။S bahn နှင့် U Bahn များပုံမှန်ပြေးဆွဲမည်ဖြစ်ပါသဖြင့် S Bahn S3,S4,S5,S6များဖြင့်သာ လာရောက်နိုင်မည်ဖြစ်ပါသည်။ကားဖြင့်လာမည့်သူများ Auto Bahn များမှ လာရမည်ဖြစ်ပါသဖြင့်ကြိုတင်လာရောက်ကြပါရန်။Mainzer Land Str အားနံနက် ၉နာရီမှစတင်ပိတ်ထားမည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

Donnerstag, 25. Oktober 2012

ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ် ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )




......................................................................................
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။
 ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။

သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။

ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။

ကိုယ်, နှုတ်, စိတ်ဖြင့် စောင့်စည်းခြင်း


တစ်နေ့သ၌၊ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော
ပုဏ္ဏားအို နှစ်ယောက်သည်၊ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင်၊
"အရှင်ဂေါတမ - အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက်၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ"ဟူ၍ လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက
"ပုဏ္ဏားတို့ - ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။"

"ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လှဲလျောင်းရာလည်း ဖြစ်၏"

"ပုဏ္ဏားတို့ - အိမ်ကို မီးစွဲလောင်သည်ရှိသော်၊ အကြင်အိုးခွက်စသော ပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း၊ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်။ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။"

"ဤအတူပင်၊ သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏"

"ဤမျက်မှောက်ဘ၀၌ . .
* ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊
* အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊
တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏"ဟူ၍ ဆိုဆုံးမတော် မူလေသတည်း။

( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )

Mittwoch, 24. Oktober 2012

" နတ်တို့ဖွင့်ဆိုတဲ့ သူတော်ကောင်းဂုဏ်ရည် "


" အဆင်မပြေလို့ တစ်ယောက်နဲ့
တစ်ယောက်အထင်အမြင်တွေလွဲပြီး
မတည့်ဘူးဆိုရင် ~
- ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။
- ညီညွတ်အောင်လုပ်ပေးတယ်။
- ခင်ခင်မင်မင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီး
ခင်မင်အောင် လုပ်ပေးတယ်။
- ညီညွတ်တဲ့ စကားလုံး၊ တစ်ဦးနှင့်တစ်ဦး
ညီညွတ်အောင်သာပြောတယ်။
- ကွဲမယ့်ပြဲမယ့် စကားမျိုး၊ ( တစ်ယောက်နဲ့
တစ်ယောက်အထင်လွဲမယ့် စကားမျိုး )
ဘယ်တော့မှပြောဘူးတဲ့။ သိကြားမင်းကြီး
ကိုယ်တိုင်လူ့ဘ၀ လူ့လောကမှာနေတုန်းက
ဒီကျင့်ဝတ်တရားကို တလေးတစား
လိုက်နာကျင့်သုံးခဲ့တယ်။ "

- ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

စက်လေးပါး

လောက၌ လူပေါင်းများစွာရှိရာ၊ ကြီးပွားတိုးတက်ခြင်း ရှိသူ၊ ကြီးပွားတိုးတက်ခြင်း မရှိသူ ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားရ၏။
လောကီ လောကုတ္တရာ နှစ်ဖြာသောဋ္ဌာန၌ ကြီးပွားတိုးတက်သူတို့မှာ၊ သမ္ပတ္တိ စက်လေးပါးနှင့် ပြည့်စုံသူတို့ ဖြစ်ကြ၏။

စက်လေးပါးကား

၁။ ပတိရူပ ဒေသ၀ါသစက် - သင့်လျော်လျောက်ပတ်သော အရပ်၌ နေရခြင်းစက်၊
၂။ ပုဗ္ဗေစ ကတပုညတာစက် - ပြုခဲ့ဖူးသော ကောင်းမှုရှိသူ ဖြစ်ရခြင်းစက်၊
၃။ အတ္တသမ္မာ ပဏိဓိစက် - ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းစက်၊
၎။ သပ္ပုရိသူပ နိဿယစက် - သူတော်ကောင်းကို မှီခိုရခြင်းစက်၊

ဤလေးပါးနှင့် ပြည့်စုံသူမှာ စည်းစိမ်ဥစ္စာ တိုးတက်ပြီးး၊ အခြံအရံ အကျော်အစော ချမ်းသာသုခတို့ကို ရနိုင်ပါသည်။

ကောင်းသော မင်္ဂလာ

တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။
"ရဟန်းတို့ - နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား၊ ကောင်းသော နံနက်ခင်း ဖြစ်ပေ၏"

"အလားတူပင်၊ နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား၊ ကောင်းသောနေ့ခင်း ဖြစ်ပေ၏"

"ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား၊ ကောင်းသောညချမ်းအခါ ဖြစ်ပေ၏"

"ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် - ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ်၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း၊ ကောင်းစွာပူဇော်ခြင်းမည်၏"

"ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌ -
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍၊ ပွားစည်းသော အကျိုးတို့ကို ရကုန်၏"

"အကျိုးကိုရသော ထိုသူတို့သည်၊ အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ၊ မြတ်စွာဘုရား သာသနာတော်၌၊ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည် ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း"

( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )

Dienstag, 23. Oktober 2012

ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင်

အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။
ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။ ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင် လုပ်ပါ။

( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )

Montag, 22. Oktober 2012

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့၌ ရွတ်ဖတ်ပူဇော်ရန် ရှစ်လုံးဖွဲ့ လင်္ကာများ

ဆရာတော်ဦးဇဝန ရေးသားသီကုံး၍  ကိုကျော်ဝင်း ပါဝင်အားဖြည့်သည်။


၁။  ဗုဒ္ဓ ဓမ္မ    သံဃာ့စုံညီ ။
     ရတနာ့သုံး  ညွှတ်ရုံးအဉ္စလီ။
     ရန်ဘယာရှင်း  လွှတ်ကင်းဖို့ရည်။
     ပဏာမ  ဦးချ စိတ်ကြည်ကြည် ။
၂။  ရတနာသုံးပါး ညွှတ်တွားပြီးသော်
     အဘိဓမ္မာ့  ဗုဒ္ဓ အခါတော်
     ကြောင်းရာဇာတ်လမ်း မှတ်တမ်းထုတ်ဖော်
     နေ့ထူးမြတ်  ရွတ်ဖတ်တို့ပူဇော် ။
၃။  ရှင်တော်ဗုဒ္ဓ  ဘဝဖြစ် စဉ်
     ဝါတော် ခွန်နစ်  ချိန်သစ်ခါတွင်
     မယ်တော် မိနတ်   စံရပ်နတ်ခွင်
     ကြွချီလှမ်း  စံမြန်းစိန္တေရှင် 
၎။  ဝတိံ နတ်နန်း  ကြွလှမ်း ဗုဒ္ဓေ
     ကသစ်ပင်ရင်း  မှီတင်းစံနေ
     မယ်တော်ဖြစ်ဘူး  ကျေးဇူးဂုဏ်ရည်
     တရားစက် မိန့်မြွက် ဘိဓမ္မေ 
၅။  အဘိဓမ္မာ့   ဗုဒ္ဓထုတ်ဖော်
     နတ်ဗြဟ္မာပေါင်း ညွှတ်ပြောင်း နုမော်
    တရားမြတ်ထူး  ဆွတ်ခူးပျော်ပျော်
    နိဗ္ဗာန် နန်း တက်လှမ်းအေခါတော် 
၆။ တရား အားလုံး  ပြီးဆုံးချိန်တွင်
    သီတင်းဝါလ  ကျွတ်ထ သဘင်
    နတ်ပြည်ရပ်မှ  ပြန်ကြွ အရှင်
    နတ်လူများ ဝပ်တွား ကြိုဖို့ပြင်။
၇။  မြတ်စွာ ခရီး  စုစည်း ရောင်ခြည်
     ဝန်းကျင် ထိန်ညီး ဆီးမီးကိုယ်စီ
     လူနတ်အများ  စိတ်ထားတူညီ
     မြတ်ဘုရား ဝပ်တွားမနသီ ။
၈။  ဗုဒ္ဓ သမိုင်း  စိတ်လှိုင်း ကြည်ဖြူ
     ကျေးဇူးဆပ်ပွဲ  ခြိမ့်သဲ နမူ
     နှစ်စဉ် နှစ်တိုင်း  စံနှိုင်းတုယူ
     မပျက်ကွက်  ဆောင်ရွက်တို့ပြည်သူ ။
၉။  ကျေးဇူးအကျိုး  တန်ဖိုး အရှိန်   
     ဗုဒ္ဓဘုရား  ဟောကြားကြိမ်ကြိမ်
     လိုက်နာကျင့်သုံး  မဆုံးဂုဏ်သိန်
     တပည့်များ  မှတ်သားနှလုံးအိမ် ။
၁၀။ ဤစဉ်လာအား  ဒို့များယူကာ
     ဝါလလွတ်ကင်း သီတင်းကျွတ်ခါ
     မြန်မာ အများ စုပေါင်းညီညာ
    ဗုဒ္ဓမြတ် ရည်မှတ် မီးပူဇာ ။

 ဤ ရှစ်လုံးဖွဲ့ ကဗျာများကို ဓမ္မဒူတ ဗုဒ္ဓဘာသာမြန်မာကျောင်း အခမ်းနားသို့ကြွရောက်ကြမည့် မည်သူမဆို အခါခါ ရွတ်ဖတ်လေ့ကျင့်ထားရန် ပန်ကြားပါသည်။

Sonntag, 21. Oktober 2012

" တစ်သိန်းမှာ တစ်ယောက်သာ "

" လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့။
စုဝေးပြီးသော လူတစ်သိန်းမှာ-

သုံးပုံပုံ၊ နှစ်ပုံ( ၆၆,၆၆၆ ယောက်)က ရုပ်လှ
တာကို သဘောကျတယ်။ ရုပ်ကြည့်ကောင်းတာကို
သဘော ကျပါတယ်။

လူတစ်သိန်းရှိတယ်ဆို -
ငါးပုံလေးပုံ(၈၀,၀၀၀ ယောက်)ဟာ နာမည်ကြီးတာ၊
အသံကောင်းတာကို သဘောကျပါတယ်။

လူတစ်သိန်းမှာ -
ဆယ်ပုံပုံ ကိုးပုံ(၉၀,၀၀၀၀)က စားဝတ်နေရေး
ခေါင်းခေါင်းပါးပါးခြိုးခြိုးကျင့်တာကို သဘော
ကျပါတယ်။

လူတစ်သိန်းရှိမယ်ဆိုရင်-
တစ်ဦးတစ်ယောက်သာ သီလ၊ သမာဓိ၊ ပညာ တရား
အစစ်ကို သဘောကျတာ၊ ကွာခြားလှပါတယ်။ "

- အရှင်ဆေကိန္ဒ (ဓမ္မဒူတဇေတ၀န်တောရ)

ဂျာမနီ နိုင်ငံ ဖရန်ဖွတ်မြို့ ဓမ္မဒူတ ဗုဒ္ဓဘာသာမြန်မာကျောင်း အဘိဓမ္မာအခါတော်နေ့ နှင့် သီတင်းကျွတ်ပွဲတော် တွင် မြန်မာမိသားစုတို့ ဥာဏ်စမ်း မေးခွန်းနှင့်အဖြေများ

ဥာဏ်စမ်း  မေးခွန်းနှင့်အဖြေများ အား ဤ နေရာတွင်နှိပ်၍ ကြည့်ပါရန်

Samstag, 20. Oktober 2012

သီတင်းကျွတ်လပြည့်နေ့ အကျွေးမွေးအစီအစဉ်

ဓမ္မဒူတအသင်းကြီးသည် တရားနာပရိတ်သတ်သူတော်ကောင်းဧည့်သည်အပေါင်းတို့တစ်ဦးနှင့်တစ်ဦးမေတ္တာထား လျက်ပျော်ရွင်စွာလက်ဆုံ စားနိုင်ရန်နှင့် တနေ့တာ တရားပွဲအစီအစဉ်တွင်း အာပာာရသင့်တင့်မျှတစေရန် ရည်ရွယ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့ အကျွေးမွေးအလှူရှင်များ ပာင်းပွဲများမထပ်စေရန် အမည်စာရင်းပေးပို့ထားပြီးသောပာင်းအမျိုးအမည်များအားဖော်ပြလိုက်ရပါသည်။


ပာင်းအမျိုးအမည်                                                     အလှူရှင်အမည်                                              
၁.ဆိတ်သားပာင်း                                            ကိုအေးမင်း
၂.အမဲကလီစာပာင်း                                        ဒေါ်ခင်မာလွင် မိသားစု
၃.ပုဇွန်ငါးဆုတ်ပာင်း                                        ကိုမင်းထိုက်+မမာလာမိသားစု
၎.ဘာလချောင်ကြော်                                      ကိုစောရှေးမိသားစု
၅.ကြာဇံသုတ်                                                  ကိုထင်အောင်မြင့်+မအိမိသားစု
၆.ငါးဖယ်ပာင်း                                                 အမည်စုံစမ်းနေပါသည်
၇.၀က်ချိုပာင်း                                                  ဦးတင့်ဖေ+ဒေါ်အုန်းမမမိသားစု
၈.ခရမ်းသီးမီးကင်သုတ်                                   ကိုဝင်းကိုလတ်+မအိအိကျော်မိသားစု
၉.ဘဲသားပေါင်း                                               ဦးကြည်ဝင်း+မငယ်လေးမိသားစု
၁၀.ဂဏာန်းကော်ပြန့်စိမ်း                               ကိုကျော်ကျော်နိုင်+မဥမ္မာညွန့်မိသားစု
၁၁.သီးစုံကုလားပာင်း                                      မစံပယ်လွင်၊မမာမာလွင်မောင်နှမများ
၁၂.ငါးစင်းကောပာင်း                                       ကိုကျော်ဆွေညွန့်
၁၃.ငါးဖယ်သုတ်                                              ကိုမင်းပာန်+မသိဂီ င်္မိသားစု
၁၄.မကျည်းရွက်ငါးပိချက် အညာချက်              ဦးလှစု+ဒေါ်စိုးစိုးသိန်း မိသားစု
၁၅.၀က်ချိုချဉ်ကြော်                                         မခင်သူဇာ
၁၆.အစိမ်းကြော်(အမဲသား)                              မသင်းသင်းမြတ်
၁၇.ငါးမှိုချက်                                                   မသင်းသင်းမြတ်
၁၈.ကောက်ညှင်းရွှေကြည်(အချိုပွဲ)                   ဒေါ်ခင်မာလွင် မိသားစု
၁၉.ရွှေကြည်မုန့်(အချိုပွဲ)                                 ကိုအောင်ကြီး+မစိမ့်စိမ့်မိသားစု
၂၀.သစ်တော်သီး (အချိုပွဲ)                               ကိုသန်းစိုး+မစုလေးနွယ်မိသားစု
၂၁.အုန်းနို့ကျောက်ကျော(အချိုပွဲ)                   ကိုမင်းဦး+မပြုံးမိသားစု
၂၂.နာနတ်သီး (အချိုပွဲ)                                    ဒေါ်ခင်မာလွင် မိသားစု
တရားနာပရိတ်သတ်သူတော်ကောင်းဧည့်သည်အပေါင်းတို့အား အသင်းကြီးမှ မေတ္တာရပ်ခံချက်......
တရားနာပရိတ်သတ် သူတော်ကောင်းအပေါင်းတို့အား စေတနာ အလှူ့ရှင်များမှ နံနက် ၁၁နာရီခွဲ မှစ၍နေ့လည်၁နာရီခွဲထိသာ ကျွေးမွေးလှူဒါန်းနိုင်မည်ဖြစ်ပါသည်။တရားနာသူအပေါင်း စိတ်ချမ်းသာစွာတရားနာနိုင်ရန် ၁နာရီခွဲမှ တရားချိန်ပြီးဆုံးချိန်ထိ အကျွေးအမွေးအစီအစဉ်ရပ်နားထားမည်ဖြစ်ပါသည်။တရားချိန်ပြီးဆုံးပါက တရားနာပရိတ်သတ်အားထပ်မံကျွေးမွေးဧည့်ခံပါဦးမည်ဖြစ်ပါကြောင်း အထူး မေတ္တာရပ်ခံအပ်ပါသည်။

Mittwoch, 17. Oktober 2012

သီတင်းကျွတ်လပြည့် တရားပွဲ

အစီအစဉ်
နံနက် ၁၁း၀၀နာရီ...........မြတ်စွာဘုရားအားစုပေါင်းဆွမ်းတော်ကပ်ခြင်း
                           ............သီလယူခြင်း
                           ............ပရိတ်ရွတ်ခြင်း
                          .............သံဃာများအားစုပေါင်းဆွမ်းကပ်ခြင်း
နံနက်၁၁း၃၀ နာရီ...........တရားနာပရိတ်သတ်အား စားဖွယ်များဖြင့်ကျွေးမွေးဧည့်ခံခြင်း
နေ့လည်၁း၃၀နာရီထိ
နေ့လည်၁း၃၀နာရီ............သံဃာတော်များမှ တရားချီးမြှင့်ခြင်း
နေ့လည်၂း၀၀နာရီ............၈လုံးဘွဲ့သံပေါက်ကဗျာဖြင့် မြတ်စွာဘုရားအားပူဇော်ခြင်း၊မေတ္တာပို့သခြင်း
နေလည်၂း၁၀နာရီ ............ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာ အမေးအဖြေ အစီအစဉ်
နေ့လည်၃း၀၀နာရီ ...........ဆွမ်းဆန်စိမ်းလောင်းလှူပွဲ
နေ့လည်၃း၃၀နာရီ...........ဆုပေးပွဲ အစီအစဉ်
နေ့လည်၃း၄၀နာရီ...........တရားနာပရိတ်သတ်များအား ထပ်မံ၍                              အစားအစာများဖြင့်ဧည့်ခံခြင်း နှင့်သံဃာတော်များနှင့်မှတ်တမ်းဓါတ်ပုံများရိုက်ယူခြင်း
နေ့လည်၎း၄၅နာရီ.........ရေစက်ချအမျဝေ၍အစီအစဉ်ပြီးဆုံးကြောင်းကြေငြာခြင်း။

Dienstag, 16. Oktober 2012

သီတင်းကျွတ်လပြည့် အထိမ်းအမှတ်ပွဲ တော် အတွက် အကျွေးမွေးအလှူရှင်များ ၀မ်းမြောက်ဖွယ်

ဒါနကုသိုလ် ပြုရာတို့၌ အခါခပ်သိမ်း နှောင့်နှေး ငြီးငြူမှုမရှိကြကုန်သော သဒ္ဓါကြည်လင် ဓမ္မမိတ်ဆွေ ဥပါသကာ၊ဥပါသိကာ အပေါင်းတို့ ခင်ဗျား.....
အောက်တိုဘာလ ၂၈ရက် တနင်္ဂနွေတွင် ကုသိုလ်ကောင်းမှုစုပေါင်းပြုရာ သီတင်းကျွတ်အခါသမယ ပွဲကြီးရှိပါသဖြင့် ကြွရောက်လာသော ပင့်သံဃာတော်များအားဆွမ်းကပ်ခြင်းနှင့် သီလတို့နှင့်ပြည့်စုံကြသော ဧည့်ပရိတ်သတ် အား စားဖွယ်ရာများဖြင့် ဧည့်ခံခြင်း ပြုလုပ်ကြမည်ဖြစ်ရာ.......သဒ္ဓါကြည်လင် ဓမ္မမိတ်ဆွေ ဥပါသကာ၊ဥပါသိကာတို့ အခွင့်ထူးအခါထူးဖြစ်ကြောင်း နိဗ္ဗာန်ကျိုးမြှော် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
ဆက်သွယ်ရန် .....ဦးကောဝိဒ  01745745515 , 06984770845
ကိုလှမြင့်စိုး   01748509485
ကိုမင်းမင်း    01742998635
ကိုဖြိုး           01746867906

Montag, 15. Oktober 2012

စိုက်ပျိုးမှု ပမာ . .




၁။ လယ်ယာမြေ ကောင်းမကောင်းကိုလိုက်၍ အပင်အသီးကွာခြားသကဲ့သို့၊ အလှူခံပုဂ္ဂိုလ် ကောင်း မကောင်းကိုလိုက်၍ အကျိုးပေး ကွာခြားသည်။

၂။ လယ်ယာလုပ်သူ နားလည်, မလည်၊ လုံ့လ၀ီရိယ ရှိ,မရှိကိုလိုက်၍၊ အပင်အသီး ကွာခြားသကဲ့သို့၊ အလှူရှင်၏ ဉာဏ်ရှိ,မရှိ၊ အားတက်သရော ၀မ်းမြောက်ဝမ်းသာ ရှိ,မရှိကိုလိုက်၍ အကျိုးပေး ကွာခြားသည်။


၃။ မျိုးစေ့ အောင်, မအောင်ကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်, မဟုတ်ကိုလိုက်၍၊ အကျိုးပေး ကွာခြားသည်။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်, မပြုပြင်ကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ အလှူရှင်၏ ပုဗ္ဗစေတနာ ထက်သန်အောင်
ပြု, မပြုကိုလိုက်၍ အကျိုးပေး ကွာခြားသည်။

၅။ မျိုးစေ့ကို စိုက်ပျိုးပြီးနောက်၊ ရေလောင်းခြင်း ပေါင်းသင်ခြင်း
ပြု, မပြုကိုလိုက်၍ အပင်အသီး ကွာခြားသကဲ့သို့၊ လှူဒါန်းပြီးနောက် ထိုကုသိုလ်မှုကို ထပ်မံသတိရမှု ၀မ်းမြောက်မှု ထက်သန်, မသန်ကိုလိုက်၍ အကျိုးပေးကွာခြားသည်။

၆။ လယ်ယာမျိုးစေ့ စသည် အားလုံးအဆင်သင့် ကောင်းမွန်သော်လည်း၊ စိုက်ပျိုးသင့်သော အချိန်အခါမှာ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွားအားကောင်း သကဲ့သို့၊ အလှူနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း၊ လှူသင့်သောအခါ လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးပေးဖွယ်ရှိသည်။

( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )

Sonntag, 14. Oktober 2012

ဂျာမနီနိုင်ငံ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး မတည်ငွေ

ဓမ္မဒူတအသင်း ဂျာမနီမှ ကျောင်းဖြစ်မြောက်ရေးအလှူရံပုံငွေ  ယူရို 21015 နှင့် ဒေါ်လာ2000 တိတိ ရှိပြီဖြစ်၍ ဓမ္မဒူတ ကျောင်း ဒကာ၊ဒကာမ အပေါင်းအား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆို နိုင်ပါရန် ကြေငြာအပ်ပါသည်။
ဂျာမနီ နှင့် ဥရောပနိုင်ငံများတွင်ရောက်ရှိနေကြသော မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိတို့တတ်စွမ်းနိုင်သည့်အားလျော်စွာ မြတဗုဒ္ဓ သာသနာအား ကြီးပွားတိုးတက်စေရန် အဘက်ဘက်မှ ပံ့ပိုးကူညီထောက်ပံ့ကြသည့် ကုသိုလ်အပေါင်းတို့အား  ဓမ္မဒူတအသင်းကြီးမှ သာဓု၊သာဓု၊သာဓု အကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပါသည......သဒ္ဓါကြည်လင် ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား။

အစည်းအဝေး ဆုံးဖြတ်ချက်

လေးစားအပ်ပါသောဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား...
ယနေ့အောက်တိုဘာလ၁၄၇က် ၂၀၁၂ တွင်အသင်းအမှုဆောင်များအစည်းအဝေးမှအောက်ပါအတိုင်း ၀မ်းမြောက်စွာ ဆုံးဖြတ်အပ်ပါသည်။

၁။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း(Myanmar Buddhist Center Germany e.V.) အသင်းကြီးသည် သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဆရာတော်ကြီး ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ ၏ဆုံးမ သြဝါဒခံယူခြင်းအား ထပ်မံအတည်ပြုကြောင်း


၂။မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း(Myanmar Buddhist Center Germany e.V.) အသင်းကြီးသည် ဆရာတော်ကြီး ဓမ္မဒူတ အရှင် ဆေကိန္ဒ နှင့် ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသော နာယကဆရာတော်များ လမ်းညွန်ဆုံးမမှုများဖြင့် သာသနာ့တာဝန်များအား ဆထက်တပိုး သာသနာကြီးပွားကြောင်း ထမ်းဆောင်ကြမည်ဖြစ်ပါကြောင်း

၃။ဆရာတော်ကြီး ဓမ္မဒူတ အရှင် ဆေကိန္ဒ၏ ခွင့်ပြုမှုဖြင့် အသင်းကြီး နှင့်ကျောင်းတော်ကြီးအား
'ဓမ္မဒူတ' အမည်ပြောင်းလဲခေါ်ဝေါ်လိုက်ပါကြောင်း ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းအား သာဓုခေါ်ဆိုနိုင်ကြပါရန် အသင်းအမှုဆောင်များမှလေးစားစွာ အကြောင်းကြားအသိပေးအပ်ပါသည်။

Samstag, 13. Oktober 2012

လူအများချစ်ခင်မြတ်နိုးသော အရှင်မဟာကဿပ

ပွဲလမ်းသဘင်ကျင်းပသော နေ့တစ်နေ့၌၊ ရာဇဂြိုလ်မြို့တော်မှ သူငယ်ငါးရာတို့သည်၊ မုန့်တောင်းထမ်းသူတို့နှင့်တကွ၊ ဥယျာဉ်သို့ ထွက်လာကြ၏။ မြတ်စွာဘုရားသည်လည်း၊ ရာဇဂြိုလ်ြ
မို့တွင်းသို့၊ သာဝကရှစ်ကျိပ်နှင့်အတူ ရဟန်းတော်ငါးရာ ခြံရံလျက် ဆွမ်းခံကြွတော်မူ၏။
ဘုရားရှင်နှင့်တကွ နောက်ပါရဟန်းငါးရာတို့ ဆွမ်းခံကြွလာသည်ကို ဖူးမြင်ရသောအခါ၊ သူငယ်တို့သည် ဘုရားရှင်ကို ရှိခိုး အရိုအသေပြုပြီး၊ သွားမြဲဆက်သွားကြသည်။ ပါလာသောမုန့်များကိုမူ မကပ်လှူကြပေ။

ဘုရားရှင်က "ရဟန်းတို့ - ထိုသူငယ်တို့သည် ငါဘုရားကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း မုန့်အလှူခံရန် မဖိတ်ကြားသော်လည်း၊ မုန့်ရှင်ဖြစ်သော ရဟန်းသည်ကား၊ နောက်က လာနေ၏။ မုန့်တို့ကိုစားပြီးမှ သွားသင့်၏"ဟု မိန့်တော်မူပြီးလျှင်၊ ရဟန်းအပေါင်းနှင့်တကွ၊ သစ်ပင်ရိပ်တွင် ထိုင်တော်မူလေသည်။ နောက်မှလိုက်လာသော အရှင်မဟာကဿပကို ဖူးတွေ့ရသောအခါတွင်ကား၊ သူငယ်ငါးရာတို့သည်၊ ရိုသေစွာရှိခိုးကြပြီးလျှင် မုန့်များကို တောင်းလိုက်လှူဒါန်းကြ၏။

အရှင်မဟာကဿပက ထိုမုန့်တို့ကို ဘုရားရှင်နှင့်တကွ နောက်ပါရဟန်းများအား လှူဒါန်းရန် ညွှန်ကြား၏။ သူငယ်တို့သည် အရှင်မဟာကဿပနှင့် အတူလိုက်ပါကာ၊ ဘုရားရှင်နှင့်တကွ သံဃာတော်များအား၊ ကပ်လှူကြ၏။ မုန့်များဘုဉ်းပေး၍ပြီးသောအခါ၊ သောက်ရေ ဆက်ကပ်ကြ၏။

ရဟန်းတို့က "သူငယ်တို့သည်၊ မျက်နှာကြီးရာ လိုက်ပါ၍ လှူဒါန်းကြကုန်၏။ ဘုရားရှင်ကိုလည်းကောင်း၊ မဟာသာဝကအရှင်မြတ်ကို လည်းကောင်း၊ မလှူဒါန်းကြဘဲ၊ အရှင်မဟာကဿပကိုသာ လှူဒါန်းကြ ကုန်၏"ဟု ကဲ့ရဲ့ကြကုန်၏။ ဘုရားရှင်က ရဟန်းတို့စကားကို ငြင်းပယ်တော်မူပြီးလျှင် ရဟန်းတို့ ငါ၏သားတော် ကဿပကဲ့သို့ ကျင့်သောရဟန်းကို လူရောနတ်ပါ ချစ်မြတ်နိုးကြသည်-ဟု မိန့်ကြားကာ အောက်ပါဂါထာကို ဟောတော်မူ၏။

( ပါဠိဂါထာ )
သီလဒဿန သမ္ပန္နံ ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ ။
အတ္တနော ကမ္မ ကုဗ္ဗာနံ ၊ တံ ဇနော ကုရုတေ ပိယံ ။

( မြန်မာပြန် )
သီလနှင့်လည်း ပြည့်စုံ၊ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၊ တရား၌တည်၍ အမှန်ကိုလည်း ပြောဆိုတတ်၊ မိမိပြုအပ်သည့် ကျင့်ဝတ်နှင့်လည်း ပြည့်စုံသောသူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။

( ဆောင်ပုဒ် )
သီလဉာဏ်မြင်၊ ပြည့်စုံလင်၍၊ ဖြူစင်မွန်မြတ်၊ တရားဓာတ်ကို၊ ရလတ်တဖန်၊ အမှန်ပြောတတ်၊ ကိုယ်ပြုအပ်သည့်၊ သုံးရပ်သိက္ခာ၊ ဖြည့်ကျင့်လာတတ်၊ ပုဂ္ဂိုလ်မြတ်ကို၊ လူနတ်မျိုးမျိုး၊ ချစ်မြတ်နိုး၏။

( ပိယ၀ဂ်-ပဉ္စသတဒါရက၀တ္ထု )